Rate this item
(0 votes)

 

Happy Event (Antenatal Massage Lotion)

 

  မိခင်လောင်းများအတွက် ဗဟုသုတမှတ်သားဖွယ်ရာ

ကိုယ် ၀န် ဆောင် ချိန် နှင့် ခန္ဓာ ကိုယ် အ လေး ချိန် ရုတ် တ ရက် ပြောင်း လဲ ချိန် တွင် အ ရေ ပြား အောက် ရှိ တွယ် ဆက် တစ် ရူး လေး များ ပြတ် တောက် သွား ခြင်း ကြောင့် အ ကြော ပြတ် ခြင်း များ ဖြစ် ပေါ်လာ ရ ပါ သည်။

Happy Event တွင်သန့်စင်ပြီး သံလွင်ဆီ ၃၃% ပါဝင်ပြီး ၊ Vitamin A, VitaminE  နှင့် Vitamin D တို့ပါပေါင်းစပ်ထည့်သွင်းထား
သည့်အတွက် တွယ်ဆက်တစ်ရူးများ၏ ကြုံ့နိုင်ဆန့်နိုင်စွမ်းအားကိုမြှင့်တင်ပေးခြင်းခြင့် အကြောပြတ်ခြင်းမှ အကောင်းဆုံးကာကွယ်ပေးပါသည်။

Happy Event တွင်တာရှည်ခံဓါတုဆေးဝါးများ မပါဝင်ပဲ သဘာဝဆေးဘက်ဝင် အပင်များနှင့် ပေါင်းစပ်ထားသည့်အတွက်မိခင်အတွက်သာမဟုတ်ပဲ ရင်သွေးအတွက်ပါ အန္တရာယ်မရှိပဲ အသုံးပြုနိုင်ပါသည်။ အနံ့စူးရှမှု မရှိခြင်း ၊ အကျီင်္စွန်းထင်းစေသည့် အရောင်များပါဝင်ခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်တော်သော
Lotion ဖြစ်ပါသည်။

သတိပြုမှတ်သားဖွယ်ရာများ

 အကယ်၍ သင်ဟာမိခင်လောင်းတစ်ယောက်စတင်ဖြစ်ပြီဆိုပါက သင်သည်လောကကြီးတွင် သင်တစ်ယောက်တည်းမဟုတ်တော့သည်ကို အမြဲသတိပြုလိုက်ပါ။
 သင်ဧ။်ဝမ်းအတွင်းရှိ သန္ဓေသားလေးသည် သင်နှင့်အတူအဆိုးအကောင်းများကိုခံယူလျှက် အချိန်အားဖြင့် ကိုးလကျော်သင်ဧ။်ဝမ်းဗိုက်အတွင်း၌သာ ဖွံ့ဖြိုးနေထိုင်ရတော့မည်။
 သင်ဧ။်ကောင်းသောအပြုအမူများသည်လည်း သန္ဓေသားမှလက်ခံရရှိသလို သင်ဧ။်ဆိုးရွားမှားယွင်းသောအပြုအမူများကိုလည်း သန္ဓေသားက ခံစားရမည်ဖြစ်သည်။
 သို့ဖြစ်ပါ၍ မိခင်လောင်းများသည် မိမိတွင်ရှိသော မကောင်းသည့်အမူအကျင့်များကိုပြုပြင်ကာ မိမိဧ။် နောင်ဖွံ့ဖြိုးလာမည့် သားသားမီးမီးတို့အတွက် အောက်ပါလမ်းစဉ်လေးများကို   ကျင့်သုံးကြပါစို့နော်……….

 

၁။ Vitamin B ဟုခေါ်သည့် Folic Acid သည်သန္ဓေသားအတွက် လွန်စွာအထောက်အကူပြုသဖြင့် မမွေးခင်အချိန်မှစ၍ မွေးသည်အထိတနေ့လျှင် ၄၀၀ micro gram သောက်သုံးသင့်ပါသည်။
၂။ ဆေးလိပ်သောက်ခြင်းသည် မိခင်ရော သန္ဓေသားပါ ဆိုးရွားစွာထိခိုက်နိုင်ပါသဖြင့် ရှောင်ရှားသင့်ပါသည်။
၃။ အရက်သေစာသောက်စားခြင်းကိုလည်း ရှောင်ရှားသင့်ပါသည်။
၎။ သင့်လျော်သည့်လေ့ကျင့်ခန်းများလုပ်ပေးသင့်ပါသည်။
၅။ အများအားဖြင့် ခြေကျင်းဝတ်ကို နေ့စဉ်လေ့ကျင့်ခန်းလုပ်ပေးသင့်ပါသည်။
    အဘယ်ကြောင့်ဆိုသော် သန္ဓေသားဖွံ့ဖြိုးလာသည်နှင့်အမျှ ကိုယ်အလေးချိန်တက်လာမှုကိုခံနိုင်ရည်ရှိရန်အတွက် ထိုလေ့ကျင့်ခန်းကိုပြုလုပ်ပေးသင့်ပါသည်။
၆။ ပူပြင်းသောအချိန်တွင် လေ့ကျင့်ခန်းမပြုလုပ်သင့်ပါ။
၇။ သစ်သီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးသင့်သည်။
၈။ ကိုယ်ဝန်သုံးလမှခြောက်လ အတွင်းတွင် ကျောကိုလှဲ၍လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရှောင်ရှားသင့်သည်။
    အဘယ်ကြောင့်ဆိုသော် သားအိမ်သို့သွေးစီးဆင်းမှုနည်းသွားနိုင်သောကြောင့်ဖြစ်သည်။


       ဤနည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးကြည့်ကြရင်း အားလုံးကျန်းမာပျော်ရွှင်သော မိသားစုဘ၀ကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ။

Find Happ Event