World Sight Day 2024

ယနေ့ကျရောက်တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ဟာ ၂၀၂၄ ခုနှစ်ရဲ့ World Sight Day ဖြစ်ပါတယ်။

World Sight Day တွေမှာ မျက်စိအမြင်အာရုံ ဆိုင်ရာ ကုသ၊ ကာကွယ်ရေးလှုပ်ရှားမှုတွေကို ကမ္ဘာနဲ့တဝှမ်းမှာ ကျင်းပလေ့ရှိကြသလိုပဲ ROHTO MENTHOLATUM MYANMAR Co.,Ltd မှလဲ မျက်စိဆရာဝန်ကြီးများနှင့် ချိတ်ဆက်ပြီး မျက်စိအခမဲ့ စမ်းသပ်ပေးခြင်း၊ အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်း စတဲ့ အစီအစဉ်တွေကို အများပြည်သူအကျိုးအတွက် ရှေးရှုပြီး လုပ်ဆောင်ပေးခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။

ယခု ၂၀၂၄ ခုနှစ်ရဲ့ World Sight Day ကိုတော့ New V.Rohto Myanmar ကနေ “Children, Love Your Eyes” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တိုးတက်လာတဲ့ ၂၁ ရာစုမှာ Electronic Device မျိုးစုံနဲ့ ထိတွေ့မှုရှိတဲ့ မျိုးဆက်သစ်ကလေးသူငယ်များရဲ့ မျက်စိကျန်းမာရေးအတွက် အလေးထား ဂရုပြုနိုင်စေကြောင်း အသိပညာပေးဖို့ ရည်ရွယ်ထားပါတယ်။

ဒါကြောင့် ယနေ့ကျရောက်တဲ့ World Sight Day မှာ အနာဂတ်မျိုးဆက်သစ် ကလေးငယ်တွေရဲ့ မျက်လုံးလေးတွေ ကျန်းမာဖို့ အတူတကွ အသိပညာဖြန့်ဝေကြပါစို့..