မျက်စိအတွင်းတိမ်အကြောင်း သိကောင်းစရာ

အတွင်းတိမ်ဖြစ်ခြင်းဆိုသည်မှာ လူ့မျက်လုံးထဲတွင် ပါရှိသော သဘာဝမှန်ကလေးဟာ
ကြည်လင်မှုမရှိတော့ဘဲ အရောင်နောက်သွားခြင်း ဖြစ်ပါတယ်ခင်ဗျာ။

၄င်းမှန်သည် Iris လို့ခေါ်တဲ့
(မျက်လုံးအတွင်း အလင်းဝင်ရောက်မှု ထိန်းညှိပေးသော အရာ)ရဲ့နောက်တွင် တည်ရှိပြီး
မြင်နိုင်တဲ့ပုံရိပ်တေွကို Retina(ပုံရိပ်ဖမ်းကားချပ်)ပေါ်မှတဆင့် ဉီးနှောက်ဆီသို့ ပို့ဆောင်ပေးခြင်းဖြင့်
အရာဝတ္ထုများကို မြင်စေနိုင်ပါတယ်။သို့သော် တိမ်ဖြစ်လာသည့်အခါမှာ သဘာဝမှန်ဟာ
ကြည်လင်ခြင်းမရှိတော့ဘဲ ပုံရိပ်ဖမ်းနိုင်စွမ်း မရှိတော့ပါ။

ဒါကြောင့် တိမ်ဖြစ်ပေါ်လာတဲ့အခါ အမြင်မှုန်ဝါးခြင်း၊အလင်းရောင်မှိန်မှိန်သာ မြင်ရပြီး ညအခါတွင်
မြင်နိုင်ရန် ပိုမိုခက်ခဲခြင်းများ ဖြစ်လာတတ်ပါတယ်။အဲဒီအခါမှာ စာဖတ်မျက်မှန်နဲ့
အခြားစမ်းသပ်မှုများဟာလည်း ရေရှည်အသုံးမဝင်တော့ဘဲ မျက်စိအနာတရ
ဖြစ်ခြင်းကြောင့်လည်းကောင်း၊အချို့သော ဆေးဝါးကုသမှု ခံယူမှုတို့ကြောင့် လည်းကောင်း
တိမ်ဖြစ်ပေါ်စေနိုင်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ ခွဲစိတ်မှုခံယူခြင်းဖြင့် တိမ်ဖြစ်ပေါ်နေတဲ့ သဘာဝမှန်ကို ထုတ်ဖယ်ပြီး
တီထွင်ဖန်တီးထားသော မှန်အသစ်ကို အစားထိုးခြင်းဖြင့် ပကတိအမြင် ပြန်လည်ရရှိစေပြီး
သင့်ဘဝအရည်အသေွးကို သိသာစွာ တိုးတက်လာစေပါလိမ့်မယ်။

အရေးကြီးဆုံးအချက်က ကျွန်ုပ်တို့၏ မျက်စိတစ်လုံးအတွက် (I.O.L)ကို တစ်ကြိမ်သာ
အစားထိုးခွင့်ရှိတာမို့ အတွင်းတိမ်ခွဲစိတ်မည်ဟု ဆုံးဖြတ်ထားမယ်ဆိုရင်
မျက်စိအတွင်းထည့်မှန်(I.O.L)ကို အရည်အသေွးကောင်းမွန်ပြီး စိတ်ချရတဲ့ မှန်သားကို ရေွးချယ်ဖို့
အရမ်းအရေးကြီးပါတယ် ခင်ဗျာ….

ဒါကြောင့် မန္တလာမျက်စိအထူးကုစင်တာမှာ အတွင်းတိမ်နှင့်ပတ်သတ်သည့် ခွဲစိတ်ကုသခြင်းများကို
ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် ကျွန်တော်တို့ ROHTO Mentholatum Myanmar Co.,ltd မှ
ထုတ်လုပ်ဖြန့်ချိသည့် အရည်အသေွးပြည့်မှီသော (I.O.L)များကိုသာ
အဓိကထားသုံးပေးထားသည့်အတွက် စိတ်ချယုံကြည်စွာဖြင့် လာရောက်ပြသတိုင်ပင်ကုသနိုင်ပါကြောင်း
လေးစားစွာ အသိပေးပါရစေခင်ဗျ