Acnes Lucky Draw & Online Live Sale Event

Acnes ချစ်သူလေးတို့ရေ ယခုလိုခက်ခဲတဲ့အချိန်လေးမှာ အားလုံးနေကောင်းကျန်းမာကြဖို့ဆုတောင်းပေးလိုက်တယ်နော်။ ယခုလိုအချိန်အခါမျိုးမှာ ကံစမ်းမဲဖောက်ဖို့အကြောင်းကြားရတာသည် Acnes ချစ်သူလေးတို့အားလုံးကို Rohto Mentholatum (Myanmar) Co., Ltd မှကတိပေးထားပြီးသားဖြစ်ပြီး အကြောင်းကြောင်းကြောင့် နောက်ဆုတ်လိုက်ရတာမို့ ခုချိန်မှာ ကတိပေးထားတဲ့အတိုင်း ကံစမ်းမဲအစီအစဉ်ကို အကျဉ်းချုံးလေး ပြုလုပ်ပြီး ကားကံစမ်းမဲလေးကို ပြန်လည် ဖောက်ပေးရခြင်း ဖြစ်ပါတယ်။

ခဲခြစ်ကံစမ်းမဲပြီးသွားတဲ့နောက် မဲမပေါက်တဲ့ Thank you Coupon တွေထဲမှ ပြန်လည် ကံစမ်းခွင့် ပေးမှာဖြစ်ပြီး ကံစမ်းမဲဖောက်ပေးမယ့်ရက်ကိုတော့ 12.10.2021 ညနေ 4 နာရီကနေ Acnes Myanmar Facebook Page ကနေ Live ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Live Event လေးမှာ MC သက်ပိုင်၊ Guest အနေဖြင့် အောင်မင်းခန့်၊ ယွန်းယွန်း၊ သွန်းဆက် တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်။

ယခင်က ကားအမျိုးအစားကို Suzuki Ciaz ကိုကြော်ငြာထားပေးမယ့် အခက်အခဲများကြောင့် ကံထူးသူကို အမည်ပေါက် ပေးဖို့ရန် ခက်ခဲသောကြောင့် Suzuki Ciaz အစား Nissan 2021 Model အားပြောင်းလဲပြီး ကံစမ်းမဲ ဖောက်ပေးမည် ဆိုသောအကြောင်းကိုလည်း ထပ်မံ သတင်း အသိပေးအကြောင်းကြားအပ်ပါတယ်။

ကားကံထူးသူမှာလည်း ကားလာရောက်ထုတ်ယူရာတွင် Rohto Metholatum (Myanmar) Co.,Ltd ၏ စည်းမျဉ်း စည်းကမ်းများနှင့် အညီ လာရောက် ထုတ်ယူနိုင်ပါတယ်။ မိမိနှင့်တပါတည်း မှတ်ပုံတင်အမှတ်၊ သန်းခေါင်စာရင်းမူရင်း နှင့်အတူ မိမိကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ပါတယ်။

ကံစမ်းမဲအစီအစဉ်နှင့်အတူ Acnes Myanmar မှလည်း Acnes Products များကို Up to 50% Off Discount ပေးမယ့် ဈေးရောင်းပွဲ၊ အခြား ပျော်ရွှင်စရာ ကဏ္ဍလေးတွေကိုလည်း ဖန်တီး စီစဉ်ထားပါတယ်။ Acnes ချစ်သူလေးတွေ ဆက်ဆက်ကြည့်ရှု့အားပေးကြပါလို့ ဖိတ်ခေါ်ပါရစေရှင်။

– Acnes Lucky Draw & Sale Live –
Date : 12, October 2021 ( Tuesday )
Time : 4 to 6 PM