Rohto Mentholatum Co.,Ltd ကို ၁၈၉၉ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် Japan နိုင်ငံ ၊ Osaka မြို့၌ တည်ထောင်ခဲ့ပါသည် ။ Rohto သည် ဂျပန်နိုင်ငံတွင် နံပါတ် (၂) ရရှိထားသော ဆေးဘက်ဆိုင်ရာနှင့် အလှကုန်ပစ္စည်း ကုမ္ပဏီတစ်ခု ဖြစ်ပါသည် ။ ကမ္ဘာ့နံပါတ် (၁) OTC မျက်စဉ်းဆေးများ နှင့် အခြားဆေးဘက်ဆိုင်ရာ အလှကုန်ပစ္စည်းများကို ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း (၁၅၀) ကျော်တွင် ဖြန့်ဖြူး ရောင်းချလျက်ရှိပါသည် ။
Rohto ကုမ္ပဏီသည် မြန်မာ့ဈေးကွက်တွင် အခြေစိုက်သည့် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၉၆ ခုနှစ်မှစတင်တာ V.Rohto မျက်စဉ်းဆေးများကို ဈေးကွက်တွင် စတင်မိတ်ဆက်ပေးခဲ့ပါသည် ။ ယခုအခါ V.Rohto မျက်စဉ်း သည် အနှစ် ၂၀ ကျော်တိုင်ခဲ့ပြီဖြစ်ပြီး လူသိများကြော်ကြားလာသည်မှာ သုံးစွဲသူများ၏ စဉ်ဆက်မပြတ် ပံ့ပိုးမှုကြောင့် ဖြစ်ပါသည် ။
ကမ္ဘာတဝှမ်းရှိဝန်ထမ်းများ လက်ကိုင်ထား၍ ပူးပေါင်းလိုက်နာသော ဆောင်ပုဒ်မှာ “Never Say Never” ၊ “ မဖြစ်နိုင်ဘူးဆိုတာမရှိစေရ “ ဟူ၍ ဖြစ်ပါသည် ။ Rohto ၏ ရည်မှန်းချက်မှာ “ ထုတ်ကုန်ပစ္စည်းများကို တည်ဆောက်နိုင်ရန် နှင့် ကျန်းမာသော လူ့အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာစေရန် “ ဖြစ်ပြီး ရည်ရွယ်ချက်မှာ “ကျွနု်ပ်တို့သည် ထုတ်ကုန်ပစ္စည်းများကိုသာရောင်းချခြင်း မဟုတ်ပါ ။ လူနေမှုဘဝပုံစံ ၊ ဖက်ရှင် နှင့် ကျန်းမာရေးအတွက် ရောင်းချခြင်းပင် ဖြစ်သည် ” ဟူ၍ ဖြစ်ပါသည် ။
၂၀၁၂ ခုနှစ် ၊ စက်တင်ဘာလမှ စ၍ Rohto သည် မြန်မာနိုင်ငံတွင် Foreign Investment Committee နှင့်လက်တွဲကာ Rohto Mentholatum (Myanmar) Co.,Ltd အဖြစ် မှတ်ပုံတင်နိုင်ခဲ့ပါသည် ။ လက်ရှိတွင်လည်း Rohto စက်ရုံသည် ( MIP ) မင်္ဂလာဒုံစက်မှုဇုံဝင်း အမှတ် ( ၅ ) ၊ မင်္ဂလာဒုံမြို့နယ်တွင် စတင်လည်ပတ်နေပြီ ဖြစ်ပါသည် ။ ဤစက်ရုံသည် နောက်တွင် ကုန်ပစ္စည်းများကို အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာဖြင့် ထုတ်လုပ်ပေးနိုင်တော့မည် ဖြစ်ပါသည် ။
ယခုအခါ Rohto Mentholatum Myanmar Co.,Ltd သည် မန္တလေးမြို့ ၊ မန္တလာဆေးရုံဝင်း အတွင်းတွင် Eye Care Center ကို ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ပညာရှင် မျက်စိအထူးကု ဆရာဝန်ကြီးများ၏ အကောင်းဆုံးကုသမှုများဖြင့့်ကလေး ၊ လူကြီးအားလုံးအတွက် ဝန်ဆောင်မှုများ ပေးနိုင်ခဲ့ပါသည် ။
Rohto ရန်ကုန်(ရုံးချုပ်) သည် Room(1002,1003), 10th Floor, M Tower, ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ တွင် ဖွင့်လှစ်ထားပါသည် ။
ကျွန်ုပ်တို့ Mentolatum group သည် အဓိကတန်ဖိုးဖြစ်သော ESH ကိုမြှင့်တင်ခြင်းဖြင့် Rohto ၏ philosophy အတိုင်း လိုက်နာကျင့်သုံးရန် သန္နိဌာန်ချထားပါသည် ။ သုံးစွဲသူများနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ကျန်းမာပျော်ရွှင်စွာနေနိုင်ရေး ၊ တဆက်တည်းမှာပင် ကျွနု်ပ်တို့၏ ဝန်ထမ်းများလည်း ကျန်းမာပျော်ရွှင်စွာ အလုပ်လုပ်နိုင်ရေး တို့ကို ပံ့ပိုးပေးလျက်ရှိပါသည် ။
Rohto ၏ Logo ဒီဇိုင်းအကြောင်း
ကျွန်ုပ်တို့သည် အပြာနှင့် အနီရောင်ကို အထူးပူးတွဲထားရှိပါသည် ။
အပြာရောင်သည် “ဉာဏ်ပညာ “ ကို ကိုယ်စားပြုပြီး အနီရောင်သည် “ စိတ်အားထက်သန်မှု “ ကိုကိုယ်စားပြုကာ ထိုအရာနှစ်ခုလုံးကို ပေါင်းစပ်ကိုယ်စားပြုသော ကုမ္ပဏီဖြစ်စေရန် ဆန္ဒထားရှိပါသည် ။
Rohto ၏ သမိုင်းကို ကျွနု်ပ်တို့၏ ရှေ့ဆောင်များက ရည်မှန်းချက် ၊ ပြဌာန်းချက် ၊ စိန်ခေါ်မှုများနှင့် အခြားမည်သူမျှ မလုပ်နိုင်သည့် အရာများကို သတ္တိရှိရှိလုပ်ဆောင်နိုင်ရန် ဖန်တီးပေးခဲ့ကြပါသည် ။
ကျွနု်ပ်တို့၏ စိန်ခေါ်မှုများတွင် အောင်မြင်မှုနှင့် ကျရံှုးမှုများကို ထပ်ခါထပ်ခါ တွေ့ကြုံခံစားခဲ့ရသည် ။ ဥပမာအားဖြင့် ဖြေရှင်းရန် မလွယ်ကူနိုင်ဟု ယူဆရသော ပြဿနာများကို ကိုယ်တွယ်ဖြေရှင်းပြီး ပုံမှန်အမြင်ထက် ကျော်လွန်ကာ အလှကုန်ပစ္စည်းများကို တီထွင်ထုတ်လုပ်လာနိုင်ခြင်းပင် ဖြစ်ပါသည် ။
“ မဖြစ်နိုင်ဘူးဆိုတာမရှိစေရ “ ဟူသော စိတ်ဓာတ်သည် Rohto ၏ အသွေးအသားထဲတွင် ကိန်းအောင်းနေပြီးသားဖြစ်ပါသည် ။ ဒါဟာ အနာဂတ်ကို ဆက်ပြီးစိန်ခေါ်မည့် ကျွနု်ပ်တို့၏ ကြေညာချက်ပင် ဖြစ်ပေသည် ။ ဤစကားစုသည် ကျွနု်ပ်တို့၏ ကတိသစ္စာ (၇) ချက်ကိုလည်း ဖော်ညွှန်းနေပြီး လူ့အဖွဲ့အစည်းကို အထောက်အကူပြုရန် ၊ လေ့လာသင်ယူခြင်းကို ကြိုးစားအားထုတ်ရန် ၊ ပျော်ရွှင်မှုကို တစ်ဦးပေါ်တစ်ဦး လွှမ်းခြုံဝေမျှရန် နှင့် ဤကြိုးပမ်းအားထုတ်မှုများသည် လူ့အဖွဲ့အစည်းအတွင်း မတူညီသောကွဲပြားမှုများကို ဖြစ်စေနိုင်သည်ကို နားလည်သဘောပေါက်စေရန် ကတိပြုပါသည် ။
Rohto ၏ကတိကဝတ်ခုနှစ်ရပ်
- လူမှုဝန်းကျင်အား ကူညီထောက်ပံ့နိုင်အောင် ကြိုးပမ်းခြင်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာသစ်ဖြစ်လာစေရန် စွမ်းနိုင်သမျှဆောင်ရွက်မည်။
- ထိုသို.ဆောင်ရွက်ရာတွင်လည်း အရေအသွေးပိုင်းတိုးတက်ကောင်းမွန်စေမည့်နည်းလမ်းများကို အစဉ်တစိုက်လေ့လာသင်ယူပြီးနောက် ကိုယ်ပိုင်စွမ်းဆောင်ပေးနိုင်စွမ်းနှင့် အထောက်အကူပြုနိုင်စွမ်းတိုးတက်လာအောင်ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားပါသည်။
- လုပ်ဖော်ကိုင်ဖက်များနှင့် စီးပွားရေးမိတ်ဖက်များ၏ ယုံကြည်မှုရရှိရေးသည် အရေးအကြီးဆုံးအချက်ဖြစ်သည်ဟု သတ်မှတ်ဆောင်ရွက်မည်ဖြစ်သည်။
- အကောင်းဆုံးဆိုသောအရာများအား ထိန်းသိမ်းမှုနှင့်အတူ စိတ်အားထက်သန်မှုအပြည့်ပါဝင်သော အပြန်အလှန် အမြင်ခြင်းဖလှယ် ဆွေးနွေးမှုများ မြင့်တက်စေပြီးနောက် အားသွန်ခွန်စိုက်လုပ်ဆောင်သည့် ကျွန်ုပ်တို. ကုမ္ပဏီ၏ သရုပ်သကန်အား ဂုဏ်ယူစွာဖြင့်ဆက်လက်ထိန်းသိမ်းမည်။
- တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများအား အံ့ဩကျေနပ်စေမည့်ဝန်ဆောင်မှုများကိုစဉ်ဆက်မပြတ်ပေးအပ်နိုင် အောင်လုပ်ဆောင်သွားမည်။
- ကျွန်ုပ်တို.၏မိတ်ဖက်များနှင့် ဆက်နွှယ်နေသူများသည် ကျွန်ုပ်တို.၏ရင်းမြစ်များ ဖြစ်ကြသည်။ မဆုတ်မနစ်ကြိုးစားလုပ်ဆောင်သည့်အမူအကျင့်၊ အနီးကပ်ဆုံးလက်တွဲဆောင်ရွက်မြဲဖြစ်သည့် စိတ်နေစိတ်ထား၊ ဆုံးဖြတ်မှု၊ ခံစားမှု၊ ခေါင်းဆောင်မှုများဖြင့် ကျွန်ုပ်တို.ဆက်လက်လျှောက်လှမ်းမည်။
- ကျွန်ုပ်တို.အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးခြင်း အတွက်သာမက လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အတွက် ကောင်းမွန်သောဝန်ဆောင်မှုများ ပေးအပ်မည်ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်ကာ ကျွန်ုပ်တို.ပိုင်ဆိုင်ထားသော ဖြစ်တည်မှုများအတွက် သက်ဆိုင်သူများအား ကျေးဇူးတင်ရှိသည်။
Foundation | February 22, 1899 |
---|---|
Incorporation | September 15, 1949 |
Capital | 6,446 million yen (as of March 31, 2019) |
Main Business | Manufacturer and marketer of pharmaceutical products, cosmetics and functional foods |
ကျွန်ုပ်တို့၏ ယုံကြည်ချက်များ
ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ။
ကျွန်ုပ်တို့သည် မိမိ ဌာနကို ပို၍ကောင်းအောင် ကြိုးစားမည် ။
ကျွန်ုပ်တို့သည် မိမိ အဖွဲ့အစည်းကို ပို၍ကောင်းအောင် ကြိုးစားမည် ။
ကျွန်ုပ်တို့သည် မိမိ ပတ်ဝန်းကျင်ကို ပို၍ကောင်းအောင် ကြိုးစားမည် ။
“ ကျန်းမာရေးသည် လာဘ်ကြီးတစ်ပါး “ ဖြစ်သည်ဟု ဆိုထားသည့်အတိုင်း လူတိုင်းသည် ကျန်းမာသောနေထိုင်မှု ပုံစံကို ရွေးချယ်ရမည် ။ ကျန်းမာနုပျိုစေသော အလှအပရေးရာများ နှင့် အလေ့အကျင့် ကောင်းများအား ကျွနု်ပ်တို့၏ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ပေးရန်လည်း လိုအပ်ပါသည် ။ ဤရည်ရွယ်ချက် အတွက် Rohto ၏ ဆောင်ပုဒ်မှာ “ကျွနု်ပ်တို့သည် ထုတ်ကုန်ပစ္စည်းများကိုသာရောင်းချခြင်း မဟုတ်ပါ ။ လူနေမှုဘဝပုံစံ ၊ ဖက်ရှင် ၊ ကျန်းမာရေး နှင့် အလေ့အကျင့်များအတွက် ရောင်းချနေသည်”ဟူ၍ပင်ဖြစ်ပါသည် ။
ဂျပန်နိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
၁၈၉၉ ခုနှစ်တွင် အစာအိမ်နှင့်အူလမ်းကြောင်းဆေးဝါး lkatsu ကို စတင်ပြီးကတည်းက Rohto သည် တန်ဖိုးမြင့် ဆရာဝန်ညွှန်ကြားချက်မလိုသည့် ဆေးဝါးများ ၊ အလှကုန်ပစ္စည်းများနှင့် ဖြည့်စွက်စာများအား သုံးစွဲသူများ၏ လိုအပ်ချက်ကို တုံ့ပြန်ဖြည့်ဆည်းသောအားဖြင့် ဖန်တီးထုတ်လုပ်ခဲ့ပါသည် ။
မျက်စိကုသမှုနှင့်ဆိုင်သောအမျိုးအစားအုပ်စုတွင် ကျွနု်ပ်တို့ OTC မျက်စဉ်းများ၏ ရောင်းအားသည် ဂျပန်နိုင်ငံဈေးကွက်၏ ၄၀ % ကျော် ရှိပါသည် ။ Rohto သည် ကျန်းမာသော မျက်ဝန်းများကို ထိန်းသိမ်းနိုင်ရန် နှင့် မျက်စိရောဂါများကို ကာကွယ်နိုင်ရန် ၊ မျက်ဝန်း၏အမျိုးမျိုးသော လိုအပ်ချက်များကို ကြိုတင်ဖြည့်ဆည်းပေးနိုင်ရန်အတွက် မျက်ကပ်မှန်နှင့်ဆိုင်သောအမျိုးအစားများ ၊ မျက်စဉ်းဆေးများကို ကူညီထောက်ပံ့ပေးနေပါသည် ။ သောက်ဆေးအမျိုးအစားအုပ်စုတွင် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ဆေးဝါးများ ၊ ဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သော ဆေးဝါးများ ၊ ဖြည့်စွက်စာများအား ဖန်တီးထုတ်လုပ် ပေးထားပါသည် ။ “ သောက်သုံးရန်လွယ်ကူပြီး ထိရောက်မှုရှိသော ထုတ်ကုန်များအား ဖန်တီးထုတ်လုပ်ခြင်း “ ဟူသော ကျွနု်ပ်တို့၏ ဆောင်ပုဒ်ကိုစိတ်ဝယ်စွဲကာ လူသားတိုင်း ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ပါသည် ။
အသားအရေထိန်းသိမ်းရေးအတွက် နှစ်ပေါင်း ၁၀၀ ကျော် ကမ္ဘာတစ်ဝှမ်း အိမ်သုံးဖြစ်သော Mentholatum Ointment မှ skin care products များအထိ ထုတ်ကုန်ပစ္စည်းပေါင်းများစွာကို ပါဝင်ပစ္စည်းအသစ်များ ၊ ဖော်မြူလာနည်းပညာသစ်များ အသုံးပြုကာ တီထွင်ဖန်တီးထုတ်လုပ်ခဲ့ပါသည် ။
၂၀၀၉ ခုနှစ်က စတင်၍ Episteme skin care brand ကို Rohto ၏ စုစည်းရရှိထားသော အသိပညာများ နှင့် အဆင့်မြင့်နည်းပညာများ အပေါ် အခြေခံကာ ထုတ်လုပ်ပေးနိုင်ခဲ့ပါသည် ။
ကျွနု်ပ်တို့၏ အလှပြင်ကောင်တာများတွင် ဝယ်ယူသူတစ်ယောက်ချင်းစီတိုင်းအား Rohto ၏ ကျွမ်းကျင်သော အလှအပရေးရာ အတိုင်ပင်ခံများက “ အလှအပနှင့် ကျန်းမာရေး “ ဝန်ဆောင်မှုများကို တိုက်ရိုက် ဆွေးနွေးဆောင်ရွက်ပေးနေပါသည် ။
Rohto ကောင်တာတွင် Episteme နှင့် Obagi brand များကို ရောင်းချပေးလျက်ရှိပါသည် ။ ထုတ်ကုန်ပစ္စည်းများကို Rohto ၏ သမိုင်းကြောင်း အတွေ့အကြုံများနှင့် အလှတရားများကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ကာ ဆေးခန်းနှင့် အလှပြင်ဆိုင်များမှ စုဆောင်းရရှိထားသော သတင်းအချက်အလက် ၊ ကျွမ်းကျင်မှု များနှင့်အတူ ဆက်လက်ဖန်တီး ထုတ်လုပ်နေပါသည် ။
ဂျပန်ဈေးကွက်တွင် ရောင်းချသော Brand များ၏ သတင်းအချက်အလက်များကို ဂျပန်ဘာသာဖြင့် ဖော်ပြထားပါသည် ။