Bagan CSR Eye

Mentholatum Co.,Ltd ရဲ့ 135th နှစ်ပတ်လည်အား ဂုဏ်ပြုသောအားဖြင့် Rohto Mentholatum Myanmar Co.,Ltd မှ မျက်စိအခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်း အခမ်းအနားကို ပုဂံမြို့၊ ညောင်ဦးမြို့နယ်၊ ညောင်တိုရွာမှာ တည်ရှိတဲ့ အခြေခံပညာအလယ်တန်းကျောင်း (ညောင်တိုကျောင်း) မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ Rohto Mentholatum Myanmar Co.,Ltd ရဲ့ Managing Director ဒေါ်စန္ဒာရွှေမှ အဖွင့်အမှာစကားပြောကြားပြီး ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုစင်တာမှ ပွဲသို့လာရောက်သူ အများပြည်သူများအား မျက်စိအခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်း အစီအစဉ်ကို ပြုလုပ်ပေးခဲ့ပါတယ်။