Bagan CSR Plant

Mentholatum Co.,Ltd ရဲ့ 135th နှစ်ပတ်လည်အား ဂုဏ်ပြုသောအားဖြင့် Rohto Mentholatum Myanmar Co.,Ltd မှ အရိပ်ရအပင်စိုက်ပျိုးခြင်း အခမ်းအနားကို ပုဂံမြို့၊ ညောင်ဦးမြို့နယ်၊ ညောင်တိုရွာမှာ တည်ရှိတဲ့ အခြေခံပညာအလယ်တန်းကျောင်း (ညောင်တိုကျောင်း) မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ Rohto Mentholatum Myanmar Co.,Ltd ရဲ့ Managing Director ဒေါ်စန္ဒာရွှေမှ အဖွင့်အမှာစကားပြောကြားပြီး ညောင်တို အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်းမှာ MD ဒေါ်စန္ဒာရွှေနှင့်တကွအနုပညာရှင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် Rohto Mentholatum Myanmar Co.,Ltd မှ ဝန်ထမ်းများက အရိပ်ရသစ်ပင်များကို စိုက်ပျိုးကြခဲ့ပါတယ်။