၂၀၁၉ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ခုနှစ် မတ်လတို.အတွင်း မန္တလေးရှိ ဇီဝိတဒါနသံဃဆေးရုံကြီးတို.၌ အခမဲ့မျက်စိခွဲစိတ်ပေးခြင်း၊ စမ်းသပ်ပေးခြင်း ကမ်းပန်များပြုလုပ်ပေးခဲ့ပါသည်။ ဤကန်ပိန်းကာလအတွင်းတွင် လူနာပေါင်း ၂၀၀ ကျော်အား ဂျပန်နိုင်ငံမှ ပါမောက္ခ Tadashi Hattori ၊ ဗီယက်နန်နိုင်ငံမှ Dr.Ching နှင့် Dr.Doung တို.နှင့်အတူ ပြည်တွင်းရှိမျက်စိ အထူးကုဆရာဝန်များဖြစ်သည့် ဒေါက်တာ ခိုင်ခိုင်ခ နှင့် ဒေါက်တာ အေးအေးသွင် တို.မှ အတူတကွပူးပေါင်းကာ Phacoemulsification နှင့် ECCE မျက်စိအတွင်းတိမ်ခွဲစိပ်မှုအား ဆောင်ရွက်ပေးခဲ့ပါသည်။ လိုအပ်သော အထွေထွေကုန်ကျမှုများနှင့် IOL ကုန်ကျမှုများအား Rohto Mentholatum Myanmar Co.,Ltd မှ ကူညီထောက်ပံ့မှုပေးခဲ့ပါသည်။
