Mentholatum Co.,Ltd ၁၃၅ နှစ်ပတ်လည်အတွက် အရိပ်ရအပင်စိုက်ပျိုးခြင်း

Rohto Mentholatum Myanmar Co.,Ltd နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ပူးပေါင်းကျင်းပတဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ဇွန်လ ၂၂ရက်က ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝင်းထဲမှာ ကျင်းပခဲ့ပါတယ်။

မူလပထမ Mentholatum Co.,Ltd ၁၃၅ နှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပူးပေါင်းကျင်းပတဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ၊ဆရာ/ဆရာမကြီးများ၊ အနုပညာရှင်များနဲ့ သတင်းစာနယ်ဇင်းမီဒီယာများအပြင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာပြည်ဈေးကွက်မှာ ၂၈နှစ်တိုင်တိုင်‌ရပ်တည်နိုင်ခဲ့တဲ့ Rohto Mentholatum Myanmar Co.,Ltd အခုလို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပရခြင်းရည်ရွယ်ချက်ကတော့ မူလပထမ Mentholatum Co.,Ltd တည်ထောင်ခြင်း ၁၃၅နှစ်ပြည့်ခြင်းကို ဂုဏ်ပြုလိုတဲ့အတွက် ဖြစ်ပါတယ်…

သစ်ပင်စိုက်ပျိုးပွဲတော်ရဲ့ဆောင်ပုဒ်လေး၂ခုကတော့ “ ကမ္ဘာမြေကိုစောင့်ရှောက်ပေးမေတ္တာများနဲ့သူနာပြုလေး” , “ အောက်ဆီဂျင်အပြည့်အဝရရှိဖို့သစ်ပင်စိုက်ပျိုးစို့ ” ဆိုတဲ့ဆောင်ပုဒ်ပါ။

ဒီဆောင်ပုဒ်အတိုင်းပဲ သဘာဝပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုတွေမဖြစ်ရလေအောင်၊ နောင်အနာဂတ်မှာ သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြည်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူတိုင်း အောက်ဆီဂျင်အပြည့်အဝရရှိစေဖို့ ရည်သန်ပြီး Rohto Mentholatum Myanamr Co., Ltd က အရိပ်ရအပင်များစွာကို စိုက်ပျိုးခဲ့တဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။