Rohto Japan Eye Care Center Soft Opening

Rohto Japanမျက်စိအထူးကုစင်တာသစ်ကြီးကို စက်တင်ဘာလ 8ရက်နေ့နံနက်က မန္တလေးမြို့ 62 လမ်းနှင့် 102 လမ်းထောင့်တွင်စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။မျက်စိရောဂါအမျိုးမျိုး စမ်းသပ် စစ်ဆေးရန်အတွက် Rohto Japan ဆေးရုံသစ်ကြီး ဖွင့်လှစ်ပွဲကိုRohto Mentholatum (Myanmar)Co.,Ltd. မှ Managing Director ဒေါ်စန္ဒာရွှေ ၊ Vice President Mr.Shinoda၊ ဆေးရုံမှ Chief Medical Superintendent ဖြစ်သူ Dr.Thura Lin နှင့် တာဝန်ရှိသူများအပါအဝင် သရုပ်ဆောင် အောင်မင်းခန့် သရုပ်ဆောင်၊မော်ဒယ် sweet တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည် ။
Rohto ဂျပန်မျက်စိအထူးကုစင်တာတွင် မျက်စိစမ်းသပ်စစ်ဆေးသည့် စက်ပစ္စည်းများစုံလင်စွာဖြင့် အသုံးပြုကာ မြန်မာ ဂျပန် နှစ်နိင်ငံရှိ ဆရာဝန်များပူးပေါင်းပြီးမျက်စိပါဝါစစ်ဆေးခြင်း အတွင်းတိမ်စစ်ဆေးခွဲစိတ်ခြင်း ရေတိမ်စစ်ဆေးခြင်း ဆီးချို‌ကြောင့်ဖြစ်တတ်သော မြင်လွှာပျက်စီးခြင်းကို စစ်ဆေးခြင်းတို့အပြင် အခြား မျက်စိနှင့်ပတ်သက်သော ကုသခြင်းများ ဆေးဝါးများ အပြင် အခြားစစ် ဆေးကုသမှုများစွာကိုလည်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။