Acnes Soothing Toner (Trio formula)

ဝက်ခြံကင်းပြီး အသားအရေချောမွေ့စေသောတိုနာ Salicylic Acid ပါဝင်သောကြောင့် အရေပြားအလွှာထဲရှိ ဆဲလ်သေများကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားပိုးများကို သေစေသည်။ ဘက်တီးရီးယားပိုးများနှင့် ဝက်ခြံများကို ဖယ်ရှားပေးနိုင်သည့် ပါဝင်ပစ္စည်းများအား ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်ရန်အတွက် ချွေးပေါက်အတွင်းပိုင်းထိ နက်ရှိုင်းစွာ သန့်စင်ပေးသည် ။ Niacinamide က အရေပြားဆဲလ်အသစ်များကို ဖြစ်ပေါ်စေပြီး အမဲစက် ၊ အမာရွတ်ကင်းဝေးကာ အသားရေချောမွေ့စေပါသည် ။Zinc Gluconate သည် အဆီပြန်ခြင်းကို ထိန်းပေးပြီး ဘက်တီးရီးယားပိုးများကို သေစေသည် ။ ဝက်ခြံအသစ်များထပ်မဖြစ်အောင် ကာကွယ်ပေးပါသည် ။

Aces Soothing Toner သည် Acnes Sealing Gel ရှိ ဘက်တီးရီးယားပိုးများနှင့် ဝက်ခြံများကို ဖယ်ရှားပေးနိုင်သည့် ပါဝင်ပစ္စည်းများ၏ အာနိသင်အား ပိုမိုကောင်းမွန်စွာ စုပ်ယူပေးနိုင်ပြီး အသားအရေချောမွေ့စေပါသည် ။

မျက်နှာသစ်ပြီးနောက် လက်ဖဝါးထဲသို့ ACNES SOOTHING TONER အား လိုသလောက်ပမာဏ လောင်းထည့်ပြီး မျက်နှာပေါ်သို့ ညင်သာစွာ သုတ်လိမ်းပေးပါ။ရေဖြင့် ထပ်သန့်စင်ပေးရန် မလိုပါ။ Acnes Creamy Wash , Acnes Sealing Gel တို့နှင့် တွဲသုံးပါက ပိုမိုကောင်းမွန်ပါသည် ။

၉၀ မီလီလီတာ

Related Products