Oxy 5

ဝက်ခြံပျောက်လိမ်းဆေး OXY 5 တွင် ဝက်ခြံကိုပျောက်ကင်းစေသော အစွမ်းထက် Benzoyl Peroxide 5% ပါဝင်ပါသည်။ OXY 5 သည် ပုံမှန်အသားအရေရှိသူများ အတွက်သင့်လျော်ပါသည်။ ဝက်ခြံအသစ်ထပ်မံထွက်ခြင်းနှင့် အဆီပြန်ခြင်းကို ကာကွယ်ပေးပါသည်။ချွေးပေါက်များအတွင်းရှိ အဆီခဲများကိုလည်းဖယ်ရှားပေးပြီး ဆားဝက်ခြံကဲ့သို့သော ဝက်ခြံများကိုလဲ ပျောက်ကင်းစေပါသည်။ အရောင်မရှိ၊ အနံ့မရှိ၊ စေးကပ်မှု မရှိပါ။

အသုံးမပြုမီ ဗူးအားလှုပ်ပေးပါ။မျက်နှာကိုစင်ကြယ်စွာသစ်ပြီး ခြောက်သွေ့အောင်ထားပါ။ ပြီးနောက် OXY 5 ကို ဝက်ခြံများပေါ်သို့ ခပ်ပါးပါးလူး ပေးပါ ။ အခြားသော ဝက်ခြံများထွက်တတ်သည့် နေရာများဖြစ်သော မျက်နှာ နှင့် လည်ပင်းပေါ်သို့လည်း လိမ်းပေးနိုင်ပါသည်။တနေ့လျှင် တစ်ကြိမ်မှနှစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါသည်။

Benzoyl Peroxide နှင့် ဓာတ်မတည့်သောသူများ မလိမ်းသင့်ပါ။

Related Products