Rohto Mentholatum Co.,Ltd ကို ၁၈၉၉ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် Japan နိုင်ငံ ၊ Osaka မြို့၌ တည်ထောင်ခဲ့ပါသည် ။ Rohto သည် ဂျပန်နိုင်ငံတွင် နံပါတ် (၂) ရရှိထားသော ဆေးဘက်ဆိုင်ရာနှင့် အလှကုန်ပစ္စည်း ကုမ္ပဏီတစ်ခု ဖြစ်ပါသည် ။ ကမ္ဘာ့နံပါတ် (၁) OTC မျက်စဉ်းဆေးများ နှင့် အခြားဆေးဘက်ဆိုင်ရာ အလှကုန်ပစ္စည်းများကို ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း (၁၅၀) ကျော်တွင် ဖြန့်ဖြူး ရောင်းချလျက်ရှိပါသည် ။

Rohto ကုမ္ပဏီသည် မြန်မာ့ဈေးကွက်တွင် အခြေစိုက်သည့် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၉၆ ခုနှစ်မှစတင်တာ V.Rohto မျက်စဉ်းဆေးများကို ဈေးကွက်တွင် စတင်မိတ်ဆက်ပေးခဲ့ပါသည် ။ ယခုအခါ V.Rohto မျက်စဉ်း သည် အနှစ် ၂၀ ကျော်တိုင်ခဲ့ပြီဖြစ်ပြီး လူသိများကြော်ကြားလာသည်မှာ သုံးစွဲသူများ၏ စဉ်ဆက်မပြတ် ပံ့ပိုးမှုကြောင့် ဖြစ်ပါသည် ။

ကမ္ဘာတဝှမ်းရှိဝန်ထမ်းများ လက်ကိုင်ထား၍ ပူးပေါင်းလိုက်နာသော ဆောင်ပုဒ်မှာ “Never Say Never” ၊ “ မဖြစ်နိုင်ဘူးဆိုတာမရှိစေရ “ ဟူ၍ ဖြစ်ပါသည် ။ Rohto ၏ ရည်မှန်းချက်မှာ “ ထုတ်ကုန်ပစ္စည်းများကို တည်ဆောက်နိုင်ရန် နှင့် ကျန်းမာသော လူ့အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာစေရန် “ ဖြစ်ပြီး ရည်ရွယ်ချက်မှာ “ကျွနု်ပ်တို့သည် ထုတ်ကုန်ပစ္စည်းများကိုသာရောင်းချခြင်း မဟုတ်ပါ ။ လူနေမှုဘဝပုံစံ ၊ ဖက်ရှင် နှင့် ကျန်းမာရေးအတွက် ရောင်းချခြင်းပင် ဖြစ်သည် ” ဟူ၍ ဖြစ်ပါသည် ။

၂၀၁၂ ခုနှစ် ၊ စက်တင်ဘာလမှ စ၍ Rohto သည် မြန်မာနိုင်ငံတွင် Foreign Investment Committee နှင့်လက်တွဲကာ Rohto Mentholatum (Myanmar) Co.,Ltd အဖြစ် မှတ်ပုံတင်နိုင်ခဲ့ပါသည် ။ လက်ရှိတွင်လည်း Rohto စက်ရုံသည် ( MIP ) မင်္ဂလာဒုံစက်မှုဇုံဝင်း အမှတ် ( ၅ ) ၊ မင်္ဂလာဒုံမြို့နယ်တွင် စတင်လည်ပတ်နေပြီ ဖြစ်ပါသည် ။ ဤစက်ရုံသည် နောက်တွင် ကုန်ပစ္စည်းများကို အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာဖြင့် ထုတ်လုပ်ပေးနိုင်တော့မည် ဖြစ်ပါသည် ။

ယခုအခါ Rohto Mentholatum Myanmar Co.,Ltd သည် မန္တလေးမြို့ ၊ မန္တလာဆေးရုံဝင်း အတွင်းတွင် Eye Care Center ကို ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ ပညာရှင် မျက်စိအထူးကု ဆရာဝန်ကြီးများ၏ အကောင်းဆုံးကုသမှုများဖြင့့်ကလေး ၊ လူကြီးအားလုံးအတွက် ဝန်ဆောင်မှုများ ပေးနိုင်ခဲ့ပါသည် ။

Rohto Office သည် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်တွင် တည်ရှိပါသည် ။ အမှတ် (၁၁၁၀) ၊ ၁၁လွှာ ၊ရွှေဂုံတိုင် ယုဇနတာဝါတွင် ဖွင့်လှစ်ထားပါသည် ။

ကျွန်ုပ်တို့ Mentolatum group သည် အဓိကတန်ဖိုးဖြစ်သော ESH ကိုမြှင့်တင်ခြင်းဖြင့် Rohto ၏ philosophy အတိုင်း လိုက်နာကျင့်သုံးရန် သန္နိဌာန်ချထားပါသည် ။ သုံးစွဲသူများနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ကျန်းမာပျော်ရွှင်စွာနေနိုင်ရေး ၊ တဆက်တည်းမှာပင် ကျွနု်ပ်တို့၏ ဝန်ထမ်းများလည်း ကျန်းမာပျော်ရွှင်စွာ အလုပ်လုပ်နိုင်ရေး တို့ကို ပံ့ပိုးပေးလျက်ရှိပါသည် ။

Rohto ၏ Logo ဒီဇိုင်းအကြောင်း

ကျွန်ုပ်တို့သည် အပြာနှင့် အနီရောင်ကို အထူးပူးတွဲထားရှိပါသည် ။
အပြာရောင်သည် “ဉာဏ်ပညာ “ ကို ကိုယ်စားပြုပြီး အနီရောင်သည် “ စိတ်အားထက်သန်မှု “ ကိုကိုယ်စားပြုကာ ထိုအရာနှစ်ခုလုံးကို ပေါင်းစပ်ကိုယ်စားပြုသော ကုမ္ပဏီဖြစ်စေရန် ဆန္ဒထားရှိပါသည် ။
Rohto ၏ သမိုင်းကို ကျွနု်ပ်တို့၏ ရှေ့ဆောင်များက ရည်မှန်းချက် ၊ ပြဌာန်းချက် ၊ စိန်ခေါ်မှုများနှင့် အခြားမည်သူမျှ မလုပ်နိုင်သည့် အရာများကို သတ္တိရှိရှိလုပ်ဆောင်နိုင်ရန် ဖန်တီးပေးခဲ့ကြပါသည် ။
ကျွနု်ပ်တို့၏ စိန်ခေါ်မှုများတွင် အောင်မြင်မှုနှင့် ကျရံှုးမှုများကို ထပ်ခါထပ်ခါ တွေ့ကြုံခံစားခဲ့ရသည် ။ ဥပမာအားဖြင့် ဖြေရှင်းရန် မလွယ်ကူနိုင်ဟု ယူဆရသော ပြဿနာများကို ကိုယ်တွယ်ဖြေရှင်းပြီး ပုံမှန်အမြင်ထက် ကျော်လွန်ကာ အလှကုန်ပစ္စည်းများကို တီထွင်ထုတ်လုပ်လာနိုင်ခြင်းပင် ဖြစ်ပါသည် ။

“ မဖြစ်နိုင်ဘူးဆိုတာမရှိစေရ “ ဟူသော စိတ်ဓာတ်သည် Rohto ၏ အသွေးအသားထဲတွင် ကိန်းအောင်းနေပြီးသားဖြစ်ပါသည် ။ ဒါဟာ အနာဂတ်ကို ဆက်ပြီးစိန်ခေါ်မည့် ကျွနု်ပ်တို့၏ ကြေညာချက်ပင် ဖြစ်ပေသည် ။ ဤစကားစုသည် ကျွနု်ပ်တို့၏ ကတိသစ္စာ (၇) ချက်ကိုလည်း ဖော်ညွှန်းနေပြီး လူ့အဖွဲ့အစည်းကို အထောက်အကူပြုရန် ၊ လေ့လာသင်ယူခြင်းကို ကြိုးစားအားထုတ်ရန် ၊ ပျော်ရွှင်မှုကို တစ်ဦးပေါ်တစ်ဦး လွှမ်းခြုံဝေမျှရန် နှင့် ဤကြိုးပမ်းအားထုတ်မှုများသည် လူ့အဖွဲ့အစည်းအတွင်း မတူညီသောကွဲပြားမှုများကို ဖြစ်စေနိုင်သည်ကို နားလည်သဘောပေါက်စေရန် ကတိပြုပါသည် ။

Rohto ၏ကတိကဝတ်ခုနှစ်ရပ်

  • လူမှုဝန်းကျင်အား ကူညီထောက်ပံ့နိုင်အောင် ကြိုးပမ်းခြင်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာသစ်ဖြစ်လာစေရန် စွမ်းနိုင်သမျှဆောင်ရွက်မည်။
  • ထိုသို.ဆောင်ရွက်ရာတွင်လည်း အရေအသွေးပိုင်းတိုးတက်ကောင်းမွန်စေမည့်နည်းလမ်းများကို အစဉ်တစိုက်လေ့လာသင်ယူပြီးနောက် ကိုယ်ပိုင်စွမ်းဆောင်ပေးနိုင်စွမ်းနှင့် အထောက်အကူပြုနိုင်စွမ်းတိုးတက်လာအောင်ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားပါသည်။
  • လုပ်ဖော်ကိုင်ဖက်များနှင့် စီးပွားရေးမိတ်ဖက်များ၏ ယုံကြည်မှုရရှိရေးသည် အရေးအကြီးဆုံးအချက်ဖြစ်သည်ဟု သတ်မှတ်ဆောင်ရွက်မည်ဖြစ်သည်။
  • အကောင်းဆုံးဆိုသောအရာများအား ထိန်းသိမ်းမှုနှင့်အတူ စိတ်အားထက်သန်မှုအပြည့်ပါဝင်သော အပြန်အလှန် အမြင်ခြင်းဖလှယ် ဆွေးနွေးမှုများ မြင့်တက်စေပြီးနောက် အားသွန်ခွန်စိုက်လုပ်ဆောင်သည့် ကျွန်ုပ်တို. ကုမ္ပဏီ၏ သရုပ်သကန်အား ဂုဏ်ယူစွာဖြင့်ဆက်လက်ထိန်းသိမ်းမည်။
  • တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများအား အံ့ဩကျေနပ်စေမည့်ဝန်ဆောင်မှုများကိုစဉ်ဆက်မပြတ်ပေးအပ်နိုင် အောင်လုပ်ဆောင်သွားမည်။
  • ကျွန်ုပ်တို.၏မိတ်ဖက်များနှင့် ဆက်နွှယ်နေသူများသည် ကျွန်ုပ်တို.၏ရင်းမြစ်များ ဖြစ်ကြသည်။ မဆုတ်မနစ်ကြိုးစားလုပ်ဆောင်သည့်အမူအကျင့်၊ အနီးကပ်ဆုံးလက်တွဲဆောင်ရွက်မြဲဖြစ်သည့် စိတ်နေစိတ်ထား၊ ဆုံးဖြတ်မှု၊ ခံစားမှု၊ ခေါင်းဆောင်မှုများဖြင့် ကျွန်ုပ်တို.ဆက်လက်လျှောက်လှမ်းမည်။
  • ကျွန်ုပ်တို.အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးခြင်း အတွက်သာမက လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အတွက် ကောင်းမွန်သောဝန်ဆောင်မှုများ ပေးအပ်မည်ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်ကာ ကျွန်ုပ်တို.ပိုင်ဆိုင်ထားသော ဖြစ်တည်မှုများအတွက် သက်ဆိုင်သူများအား ကျေးဇူးတင်ရှိသည်။
Foundation February 22, 1899
Incorporation September 15, 1949
Capital 6,446 million yen (as of March 31, 2019)
Main Business Manufacturer and marketer of pharmaceutical products, cosmetics and functional foods

ကျွန်ုပ်တို့၏ ယုံကြည်ချက်များ

ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် ။
ကျွန်ုပ်တို့သည် မိမိ ဌာနကို ပို၍ကောင်းအောင် ကြိုးစားမည် ။
ကျွန်ုပ်တို့သည် မိမိ အဖွဲ့အစည်းကို ပို၍ကောင်းအောင် ကြိုးစားမည် ။
ကျွန်ုပ်တို့သည် မိမိ ပတ်ဝန်းကျင်ကို ပို၍ကောင်းအောင် ကြိုးစားမည် ။

“ ကျန်းမာရေးသည် လာဘ်ကြီးတစ်ပါး “ ဖြစ်သည်ဟု ဆိုထားသည့်အတိုင်း လူတိုင်းသည် ကျန်းမာသောနေထိုင်မှု ပုံစံကို ရွေးချယ်ရမည် ။ ကျန်းမာနုပျိုစေသော အလှအပရေးရာများ နှင့် အလေ့အကျင့် ကောင်းများအား ကျွနု်ပ်တို့၏ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ပေးရန်လည်း လိုအပ်ပါသည် ။ ဤရည်ရွယ်ချက် အတွက် Rohto ၏ ဆောင်ပုဒ်မှာ “ကျွနု်ပ်တို့သည် ထုတ်ကုန်ပစ္စည်းများကိုသာရောင်းချခြင်း မဟုတ်ပါ ။ လူနေမှုဘဝပုံစံ ၊ ဖက်ရှင် ၊ ကျန်းမာရေး နှင့် အလေ့အကျင့်များအတွက် ရောင်းချနေသည်”ဟူ၍ပင်ဖြစ်ပါသည် ။

ဂျပန်နိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ

၁၈၉၉ ခုနှစ်တွင် အစာအိမ်နှင့်အူလမ်းကြောင်းဆေးဝါး lkatsu ကို စတင်ပြီးကတည်းက Rohto သည် တန်ဖိုးမြင့် ဆရာဝန်ညွှန်ကြားချက်မလိုသည့် ဆေးဝါးများ ၊ အလှကုန်ပစ္စည်းများနှင့် ဖြည့်စွက်စာများအား သုံးစွဲသူများ၏ လိုအပ်ချက်ကို တုံ့ပြန်ဖြည့်ဆည်းသောအားဖြင့် ဖန်တီးထုတ်လုပ်ခဲ့ပါသည် ။
မျက်စိကုသမှုနှင့်ဆိုင်သောအမျိုးအစားအုပ်စုတွင် ကျွနု်ပ်တို့ OTC မျက်စဉ်းများ၏ ရောင်းအားသည် ဂျပန်နိုင်ငံဈေးကွက်၏ ၄၀ % ကျော် ရှိပါသည် ။ Rohto သည် ကျန်းမာသော မျက်ဝန်းများကို ထိန်းသိမ်းနိုင်ရန် နှင့် မျက်စိရောဂါများကို ကာကွယ်နိုင်ရန် ၊ မျက်ဝန်း၏အမျိုးမျိုးသော လိုအပ်ချက်များကို ကြိုတင်ဖြည့်ဆည်းပေးနိုင်ရန်အတွက် မျက်ကပ်မှန်နှင့်ဆိုင်သောအမျိုးအစားများ ၊ မျက်စဉ်းဆေးများကို ကူညီထောက်ပံ့ပေးနေပါသည် ။ သောက်ဆေးအမျိုးအစားအုပ်စုတွင် အစာအိမ်နှင့် အူလမ်းကြောင်းအတွက် ဆေးဝါးများ ၊ ဆေးဘက်ဝင်အပင်များမှ ထုတ်လုပ်သော ဆေးဝါးများ ၊ ဖြည့်စွက်စာများအား ဖန်တီးထုတ်လုပ် ပေးထားပါသည် ။ “ သောက်သုံးရန်လွယ်ကူပြီး ထိရောက်မှုရှိသော ထုတ်ကုန်များအား ဖန်တီးထုတ်လုပ်ခြင်း “ ဟူသော ကျွနု်ပ်တို့၏ ဆောင်ပုဒ်ကိုစိတ်ဝယ်စွဲကာ လူသားတိုင်း ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ပါသည် ။
အသားအရေထိန်းသိမ်းရေးအတွက် နှစ်ပေါင်း ၁၀၀ ကျော် ကမ္ဘာတစ်ဝှမ်း အိမ်သုံးဖြစ်သော Mentholatum Ointment မှ skin care products များအထိ ထုတ်ကုန်ပစ္စည်းပေါင်းများစွာကို ပါဝင်ပစ္စည်းအသစ်များ ၊ ဖော်မြူလာနည်းပညာသစ်များ အသုံးပြုကာ တီထွင်ဖန်တီးထုတ်လုပ်ခဲ့ပါသည် ။
၂၀၀၉ ခုနှစ်က စတင်၍ Episteme skin care brand ကို Rohto ၏ စုစည်းရရှိထားသော အသိပညာများ နှင့် အဆင့်မြင့်နည်းပညာများ အပေါ် အခြေခံကာ ထုတ်လုပ်ပေးနိုင်ခဲ့ပါသည် ။
ကျွနု်ပ်တို့၏ အလှပြင်ကောင်တာများတွင် ဝယ်ယူသူတစ်ယောက်ချင်းစီတိုင်းအား Rohto ၏ ကျွမ်းကျင်သော အလှအပရေးရာ အတိုင်ပင်ခံများက “ အလှအပနှင့် ကျန်းမာရေး “ ဝန်ဆောင်မှုများကို တိုက်ရိုက် ဆွေးနွေးဆောင်ရွက်ပေးနေပါသည် ။
Rohto ကောင်တာတွင် Episteme နှင့် Obagi brand များကို ရောင်းချပေးလျက်ရှိပါသည် ။ ထုတ်ကုန်ပစ္စည်းများကို Rohto ၏ သမိုင်းကြောင်း အတွေ့အကြုံများနှင့် အလှတရားများကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ကာ ဆေးခန်းနှင့် အလှပြင်ဆိုင်များမှ စုဆောင်းရရှိထားသော သတင်းအချက်အလက် ၊ ကျွမ်းကျင်မှု များနှင့်အတူ ဆက်လက်ဖန်တီး ထုတ်လုပ်နေပါသည် ။
ဂျပန်ဈေးကွက်တွင် ရောင်းချသော Brand များ၏ သတင်းအချက်အလက်များကို ဂျပန်ဘာသာဖြင့် ဖော်ပြထားပါသည် ။