ဒီနေ့ ဇွန်လ ၂၃ ရက်နေ့မှာ ROHTO က Yangon Galacticos (YG eSports team) နဲ့အတူ ရွှေပြည်သာမြို့နယ်က မျိုးဆက်သစ် မိဘမဲ့ ဂေဟာကို သွားရောက်ခဲ့ပါတယ်
ဒီအစီအစဉ်မှာ ကလေးငယ်များကို မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာနုနုယဉ်က မျက်စိအခမဲ့ စမ်းသပ်ပေးခြင်း
Rohto-Mentholatum (Myanmar) Co.,ltd ရဲ့ MD ဒေါ်စန္ဒာရွှေဦးဆောင်တဲ့ Rohto အဖွဲ့သားများက
မျိုးဆက်သစ် မိဘမဲ့ ဂေဟာ မှ ကလေးငယ်များအတွက် အလှုငွေကျပ် သိန်း (၂၀) နှင့်အတူ
အသုံးအဆောင်ပစ္စည်းများ၊ အအေးနဲ့ မုန့်လှူဒါန်းခြင်း စတဲ့ Activities များကို လုပ်ဆောင်ခဲ့ကြပါတယ်

























