မြင်ရသမျှ ပျော်ရွှင်စရာ”
ROHTO “ Joy of Seeing” CSR Project
ဒီနေ့ ဖေဖော်ဝါရီလ (၂၄) ရက်မှာ Rohto-Mentholatum Myanmar Co., Ltd. က ရွှေအလင်းရောင် (ရိုတို) မျက်စိအထူးကုဆေးရုံကြီးမှာ “ Joy of Seeing” လူမှုအကျိုးပြု CSR Project ကိို ပြုလုပ်ခဲ့ပါတယ်
ဒီပွဲလေးကို Rohto-Mentholatum (Myanmar) Co.,ltd ရဲ့ Managing Director ဒေါ်စန္ဒာရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်
Rohto ရဲ့ “ Joy of Seeing” CSR Project ကိုတော့ အသက် ၅ နှစ် မှ ၁၂ နှစ်အရွယ် ကလေးငယ်များက Origami – ကြိုးကြာရုပ်ခေါက်ခြင်း ၊ ပုံတူပန်းချီဆွဲခြင်း၊အမှတ်တရ စာတိုရေးသားခြင်း စတဲ့ Creative Activities များကို ပြုလုပ်ပြီး ပါဝင်ခဲ့ကြပါတယ်
Activities ပြုလုပ်သူ ကလေးငယ်များထဲမှ ထူးချွန်သူများကိုလဲ Rohto မှ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါတယ်
ဒါ့အပြင် ဖိတ်ကြားထားတဲ့ အနုပညာရှင်များဖြစ်တဲ့ တေးသံရှင် အဆိုတော်ဇွဲပြည့် နဲ့ ရုပ်ရှင်သရုပ်ဆောင် သျှင်းမြတ်တို့မှလဲ ကလေးငယ်များနှင့်အတူ Creative Activities များကို ပြုလုပ်ခဲ့ကြပြီး တေးသံရှင် ဇွဲပြည့်မှ ကလေးငယ်များနဲ့ မိဘများအား သီချင်းများ သီဆိုဖျော်ဖြေခဲ့ပါတယ်
















