New V.Rohto

ရွှန်းစိုတောက်ပသောမျက်ဝန်းများအတွက် NEW V.ROHTO မျက်စိကြည်လင်အားတိုးဆေးသည် Vitamin B6, B5 တို့ပါဝင်သောကြောင့်မျက်ရိုးကိုက်ခြင်း၊မျက်စိနာခြင်းများကို ကာကွယ်ပေးပြီး Eye Tissue များကို လှုံ့ဆော်အားဖြည့်ပေးပါသည်။Tetrahydrozoline Hydrochloride ပါဝင်သောကြောင့် အမြင်အာရုံမှုန်ဝါးခြင်း၊ မကြည်လင်ခြင်းများကို ကာကွယ်ပေးပါသည်။Chlorpheniramine Maleate ပါဝင်သောကြောင့် မျက်စိယားယံခြင်း၊ ကျိန်းစပ်ခြင်းများကို ကာကွယ်ပေးပါသည်။Dipotassium Glycyrrhizinate ပါဝင်သောကြောင့်မျက်ခွံရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ရေကူးရာတွင်လည်း
မသန့်ရှင်းသောရေကြောင့်မျက်စိရောဂါရခြင်း၊ ဖုန်နှင့်ချွေးများဝင်ခြင်းကြောင့် မျက်စိနှင့်ပတ်သတ်သောရောဂါများကို ကောင်းစွာကာကွယ်ပေးပါသည်။ Sodium Chondroitine Sulfate ပါဝင်သောကြောင့် မျက်ဝန်းအစိုဓာတ်ကိုထိန်းသိမ်းပေးပြီး ကြည်လင်စိုလဲ့ တောက်ပစေပါသည်။

ရေတိမ်ရှိသူများ၊ မျက်စိနာသူများ၊ ဆေးအတွင်းပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်သူများ ၊ မျက်ကပ်မှန်တပ်ထားစဉ်တွင် အသုံးမပြုသင့်ပါ။ မျက်စိခွဲထားသူများ (၆) လ ကြာမှ သုံးသင့်ပါသည် ။

ဆေးရည် ၂ စက် (သို့) ၃ စက်၊ တစ်နေ့ ၅ ကြိမ်မှ ၆ ကြိမ်။ လိုအပ်ပါက အကြိမ်ရေပို၍အသုံးပြုနိုင်သည်။

Related Products