Oxy 10

ဝက်ခြံပျောက်လိမ်းဆေး OXY 10 တွင် ဝက်ခြံပျောက်ကင်းစေသော အစွမ်းထက် Benzoyl Peroxide 10% ပါဝင်ပါသည်။Oxy 10 သည် ဝက်ခြံဆိုးရွားစွာဖြစ်နေသူများအတွက် အထူးသင့်လျော်ပါသည်။ ဝက်ခြံများ အသစ်ထက်မံထွက်ခြင်းနှင့် အဆီပြန်ခြင်းကို ကာကွယ်ပေးပါသည်။ ချွေးပေါက်များအတွင်းရှိ အဆီအခဲများကိုလည်းသန့်စင်ဖယ်ရှားပေးပြီးဆားဝက်ခြံကဲ့သို့သော ဝက်ခြံများကိုလည်း ပျောက်ကင်းစေပါသည်။ အရောင်မရှိ၊ အနံ့မရှိ၊ စေးကပ်မှုမရှိပါ။

အသုံးမပြုမီ ဗူးအားလှုပ်ပေးပါ။မျက်နှာကိုစင်ကြယ်စွာသစ်ပြီး ခြောက်သွေ့အောင်ထားပါ။ ပြီးနောက် OXY 10 ကို ဝက်ခြံများပေါ်သို့ ခပ်ပါးပါးလူး ပေးပါ ။ အခြားသော ဝက်ခြံများထွက်တတ်သည့် နေရာများဖြစ်သော မျက်နှာ နှင့် လည်ပင်းပေါ်သို့လည်း လိမ်းပေးနိုင်ပါသည်။တနေ့လျှင် တစ်ကြိမ်မှနှစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါသည်။

Benzoyl Peroxide နှင့် ဓာတ်မတည့်သောသူများ မလိမ်းသင့်ပါ။
အသားတင်ပမာဏ ၁၀ ဂရမ်

Related Products