Remos IR Spray

Remos IR ကို အဝတ်အစားနှင့် အရေပြားပေါ်တွင်ဖြန်းပြီး လက်ဖြင့်နှံ့စပ်စွာ ပွတ်လိမ်းပေးထားပါက ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အထူးသဖြင့် ခြင်အများဆုံး ပေါက်ဖွား သည့်မိုးရာသီတွင် အထူးအသုံးဝင်ပါသည်။ သဘာဝပါဝင်ပစ္စည်း များဖြင့် ဖော်စပ်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ သင်းပျံသောလာဗန်ဒါရနံ့နှင့်အတူ အေးမြ လန်းဆန်းစေပါသည်။ Diethyltoluamide 15% ပါဝင်သောကြောင့် ခြင်အန္တရာယ်မှ အထူးကာကွယ်ပေးပါသည်။

spray ဘူးကို ၁၀-၁၅ စင်တီမီတာအကွာမှ ခွာဖျန်းပေးပြီး ညင်သာစွာ ပွတ်လိမ်းပေးပါ။ မျက်နှာနှင့် လည်ပင်းများသို့ လက်ဖဝါးထဲသို့ဦးစွာ ထည့်ပြီးမှ ပွတ်လိမ်းပေးပါ။ အသက်လေးနှစ်အထက်မှစ၍ အသုံးပြုနိုင်ပါသည်။

ခန္ဓာကိုယ်ပြင်ပတွင်သာ အသုံးပြုရန်ဖြစ်သည်။ မျက်လုံးနှင့် ပါးစပ်တွင်းသို Spray အရည်များ ဝင်သွားခဲ့ပါက ရေဖြင့် စင်ကြယ်စွာဆေးပါ။ ပါးစပ်အတွင်းသို့မြိုချမိပါက ရေနှစ်ခွက်မှ လေးခွက်အထိ ချက်ချင်းသောက်ပေးပါ သို့မဟုတ် ဆရာဝန်၏အကြံဉာဏ် ရယူပါ။ ယားယံခြင်းကဲ့သို့ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အသုံးပြုမှုကို ရပ်ပေးပါ။

၆၀ မီလီလီတာ ၊ ၁၅၀ မီလီလီတာ

Related Products