Sunplay Baby Mild

နို့ရည်ပုံစံဖြင့်ပြုလုပ်ထားပြီး SPF 35 ဆနှင့် PA ++ ပါဝင်ပါသည်။ အရေပြားပါးသူ နှင့် ၆ လအထက် ကလေးငယ်မှ၍ အရွယ်ရောက်သူ မည်သူမဆိုသုံးစွဲနိုင်ပါသည်။ မျက်နှာနှင့် ခန္ဓာကိုယ်အတွက်ပါ အသုံးပြုနိုင်ပါသည်။ ကလေးများနှင့် ဓါတ်မတည့်လွယ်သော အသားအရေရှိသူများအတွက် အသုံးပြုရန်အထူးသင့်လျော်ပါသည်။ ချွေးနှင့်ရေတွင်ပျော်ဝင်နိုင်မှုမရှိသောကြောင့် ရေကူးအားက စားသမားများနှင့် အခြားအားကစားသမားများပါ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။ sunpaly baby mild ကိုလိမ်ပေးခြင်းအားဖြင့် နေလောင်ခြင်း အန္တရာယ်ကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။

အသုံးမပြုမီ ဘူးကိုသေချာစွာ လှုပ်ပေးပါ။ နေရောင်ခြည်နှင့်မထိတွေ့မီ အပြင်သို့ထွက်ခါနီးတွင် ခရင်မ်ကို ညီညာစွာ သုတ်လိမ်းပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်၍ ချွေးထွက်ပြီးနောက်(သို့) မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်ပြီးနောက်တွင် ပို၍ကောင်းမွန်သော အာနိသင်ရရှိုရန် ပြန်လည်လိမ်းပေးနိုင်ပါ သည်။

အနာစိုများ နှင့် မီးလောင်နာများပေါ်တွင် မသုံးရပါ။ အရေပြားယားယံခြင်း၊ နီရဲခြင်း ၊ ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်လာပါက သုံးစွဲမှုကို ရပ်တန့်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ နေလောင်ဒဏ်ခံနို့ရည်ကို အသုံးပြုထားသော်လည်း ပြင်းထန်သောနေရောင် အောက်တွင် အချိန်ကြာမြင့်စွာ မနေသင့်ပါ ။

Related Products