Sunplay Skin Aqua Clear White

Aqua Boost နည်းပညာဖြင့် SPF50+, PA++++, Hyaluronic Acid , Collagen နှင့် Amino Acid တို့ပါဝင်ပြီး အထိရောက်ဆုံး ရေဓာတ်ဖြည့်တင်း နိုင်ပါသည် ။ အသားအရေ ခြောက်သွေ့မှေးမှိန်ခြင်းကို ကာကွယ်ပေးပြီး ချောမွေ့ ဝင်းပစေပါသည် ။ နေရောင်နှင့်ထိတွေ့ချိန်တွင် အစိုဓာတ်အလွှာ တစ်ခုကို ဖန်တီးပေးစွမ်းထားသောကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည် ။ Vitamin C နှင့် B3 တို့ ကြွယ်ဝစွာ ပါဝင်သော ကြောင့် အမဲစက်များကို မှေးမှိန်စေသည်။ နေလောင်ဒဏ်ကြောင့် ပျက်စီးနေ သောအသားအရေကို ပြန်လည်ပြုပြင်ပေးပြီး ဝင်းပစိုပြည်စေပါသည် ။ အလွန်သေးငယ်မှုန့်ညက်သော ပေါင်ဒါမှုန့်လေးများပါဝင်သည့် နို့ရည်ပုံစံ ဖြစ်သောကြောင့် အဆီပိုများကို လျင်မြန်စွာစုပ်ယူနိုင်ပါသည် ။စေးကပ်မှုမရှိ ပါးလွှာပေါ့ပါးကာ မိတ်ကပ်သား ကြာရှည်ခံစေပါသည် ။
အဆီပြန်သောအသားအရေ နှင့် ပေါင်းစပ်အသားအရေရှိသူများ အတွက် အထူးသင့်လျော်ပါသည် ။

အသုံးမပြုမီ ဘူးကိုသေချာစွာ လှုပ်ပေးပါ ။ နေရောင်ခြည်နှင့်မထိတွေ့မီ အပြင်သို့ထွက်ခါနီးတွင် နို့ရည်ကို ညီညာစွာ သုတ်လိမ်းပေးပါ ။ အသား အရေကို အကောင်းဆုံးကာကွယ်နိုင်ရန်အတွက် နေ့စဉ်အသုံးပြုနိုင်ပါသည် ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးနောက် ချွေးအလွန်ထွက်ပါက ပို၍ကောင်းမွန် သော အာနိသင်ရရှိုစေရန် ပြန်လည်လိမ်းပေးနိုင်ပါသည်။

၂၅ ဂရမ် ၊ ၅၅ ဂရမ်

Related Products