Sunplay Whitening UV

SPF 50+ နှင့် PA++++ ပါဝင်သောကြောင် ခရမ်းလွန်ရောင်ခြည်ကို အဆ ၅၀ အထက် ကာကွယ်ပေးနိုင်ပြီး အရေပြားလောင်ခြင်း၊ နီရဲခြင်း များကို သက်သာစေပါသည်။ အရောင်မရှိခြင်းကြောင့် အသုံးပြုရ အဆင် ပြေပါသည် ။ နေ့စဉ်ပုံမှန်အပြင်သွားရသူများ နှင့် အသားဖြူချင်သူများ အသုံးပြုနိုင်ပါသည်။ရေစိုခံသောကြောင့် လိမ်းထားပြီးပျက်သွားခြင်း မရှိပါ။ နို့ရည်ပုံစံဖြစ်ပြီး 30g ပါဝင်ပါသည်။ မျက်နှာနှင့်ခန္ဓာကိုယ် တစ်ခုလုံး အတွက် အသုံးပြုနိုင်ပါသည်။ခရမ်းလွန်ရောင်ခြည်ကို အထိရောက်ဆုံး ကာကွယ်ပေးပါသည်။Provitamin B5, Vitamin-C,နှင့်vitamin-E တို့ ပါဝင်သောကြောင့် အသားအရေစိုပြေဝင်းပကြည်လင်စေပါသည်။

အသုံးမပြုမီ ဘူးကိုသေချာစွာ လှုပ်ပေးပါ။ နေရောင်ခြည်နှင့်မထိတွေ့မီ အပြင်သို့ထွက်ခါနီးတွင် ခရင်မ်ကို ညီညာစွာ သုတ်လိမ်းပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်၍ ချွေးထွက်ပြီးနောက်(သို့) မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်ပြီးနောက်တွင် ပို၍ကောင်းမွန်သော အာနိသင်ရရှိုရန် ပြန်လည်လိမ်းပေးနိုင်ပါ သည်။

အနာစိုများ နှင့် မီးလောင်နာများပေါ်တွင် မသုံးရပါ။ အရေပြားယားယံခြင်း၊ နီရဲခြင်း ၊ ဓာတ်မတည့်ခြင်းများ ဖြစ်ပေါ်လာပါက သုံးစွဲမှုကို ရပ်တန့်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ နေလောင်ဒဏ်ခံနို့ရည်ကို အသုံးပြုထားသော်လည်း ပြင်းထန်သောနေရောင် အောက်တွင် အချိန်ကြာမြင့်စွာ မနေသင့်ပါ ။

Related Products