V.Rohto Lycee

မျက်လုံးနီရဲခြင်း ၊ ယားယံခြင်း ၊ ညောင်းညာကိုက်ခဲခြင်းများအတွက်

Vitamin B6 , B12 & Potassium L-Aspartate တို့ပါဝင်သောကြောင့် မျက်ကြည်လွှာ၏ အသက်ရှူခြင်းဆိုင်ရာလုပ်ငန်း ဆောင်တာများ ၊ မျက်လုံးဆဲလ်၏ ဇီဝဖြစ်စဉ်များကို ကောင်းမွန်စေပြီး မျက်လုံးညောင်းညာကိုက်ခဲခြင်းကို သက်သာစေပါသည် ။

Zinc Sulfate သည် နေရောင်ကြောင့် မျက်လုံးရောင်ရမ်းခြင်းကို သက်သာစေပါသည် ။ Tetrahydrozoline Hydrochloride ပါဝင်ပြီး မျက်လုံးအတွင်းသားနီရဲရောင်ရမ်းခြင်း ၊ မျက်လုံးအောင့်ခြင်းကို သက်သာစေပါသည် ။
Chlorpheniramine Maleate က မျက်လုံးယားယံခြင်းကို သက်သာစေသည် ။

မျက်စိအပြင်းအထန်နာနေသူများ၊ ဆေးအတွင်းပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်သူများ ၊ ဆေးကုသမှုခံယူနေသူများ နှင့် မျက်ကပ်မှန်တပ်ထားစဉ်တွင် အသုံးမပြုသင့်ပါ။

တစ်ခါခတ်လျှင် နှစ်စက်မှ သုံးစက်။ တစ်နေ့လျှင် ငါးကြိမ်မှ ခြောက်ကြိမ် အသုံးပြုနိုင်ပါသည်။

Related Products